Echoes: A Poem for Mom
By her morning prayers and footsteps,
Her calls for breakfast and lunch,
And her quiet heartbeats that marked our nights and days.
We’d never noticed the chill outside,
Because her tender eyes behind the reading glasses
Kept us warm with slow-burn love;
Because she swaddled us in her bright smiles
With a sincere set of false teeth.
We’d never noticed the darkness outside,
Because her tea-scented breath
Was the milky way that kept us aglow;
And her five-foot-four-inch tottering frame
Was the sun and the moon of our universe.
We’d never noticed until she was gone
How she’d been sprinkling her footpath with pearls and stars,
Stocking up her laughter in the kitchen cabinets,
And soaking our walls with her memories
To fuel us through the long winters,
To lead us through the darkest hours,
To feed us in her absence
For ten lifetimes over.
အမေ့အတွက်ရေးသောကဗျာ
အမေ့ရဲ့ဘုရားစာရွတ်သံတိုးတိုး၊ ခြေသံဖွဖွ၊
ထမင်းစားဖို့ခေါ်သံစာစာ၊
ညင်ညင်သာသာနှလုံးခုန်သံလေးတွေနဲ့
နေ့ရောညပါ
စိုပြည်နေခဲ့ကြလို့
အပြင်မှာတိတ်ဆိတ်နေတာ ငါတို့ သတိမထားမိခဲ့ကြ။
အမေ့ရဲ့ မှုန်ဝါးဝါးစာဖတ်မျက်မှန်အောက်က
နွေးနွေးထွေးထွေးအကြည့်တွေ၊
သွားအတုနဲ့အမေ့ရဲ့
ရိုးသားတဲ့အပြုံးလေးတွေ၊
ဒါတွေကို စောင်လိုခြုံထားခဲ့ရလို့
အပြင်မှာ အေးစိမ့်နေတာကို ငါတို့ သတိမထားမိခဲ့ကြ။
နဂါးငွေ့တန်းကြီးလို
တောက်ပတဲ့
အမေ့ရဲ့ လက်ဖက်ရည်နံသင်းသင်း
အာငွေ့တွေကြောင့်၊
ငါတို့ရဲ့
စကြဝဠာကို နေနဲ့လလို တည်တည်ငြိမ်ငြိမ် ပဲ့ထိမ်းပေးထားတဲ့
အမေ့ရဲ့ ၅ပေ၄လက်မကျော်ကျော် ဒယိမ်းဒယိုင်
ကိုယ်လုံးလေးကြောင့်
အပြင်က အမှောင်ထုကို ငါတို့ သတိမထားမိခဲ့ကြ။
အမေဟာ
သူမရှိတော့ရင်တောင်
ညတာရှည်တဲ့ဆောင်းမှာ
ငါတို့မချမ်းဖို့၊
မီးမလာတဲ့ညတွေမှာ
ငါတို့ လမ်းမပျောက်ဖို့၊
သံသရာတစ်လျှောက်လုံးမှာ
ငါတို့ဝမ်းဝဖို့
သူသွားလေရာမှာ
ကြယ်နဲ့ပုလဲတွေကြဲထားခဲ့၊
ကြောင်အိမ်ထဲမှာ
သူ့ရယ်သံလေးသိမ်းထားခဲ့၊
နံရံထဲမှာ
သူ့မေတ္တာတွေမြှုပ်ထားခဲ့ရှာတယ်။
ဒါတွေကိုလည်း
ငါတို့ အရင်က သတိမထားမိခဲ့ကြ။
--Kenneth Wong, January 25, 2021
For Eva Wong (1941-2021)
When she began showing symptoms and went into quarantine, I went to drop off some pastries and groceries. I was not supposed to enter the premise, so we spoke on the phone as I stood outside.
I could see her silhouette through the window curtain, watching me as I climbed into my Lyft ride to go home. That was our last in-person meeting—more than six feet apart but closer than flesh and blood.
Within ten days, things swiftly shifted from hopeful to grim, progressing from the ER to the ICU, leading to the final moment the attending physician pronounced all hope was lost.
Last year, because I did not have to travel for work, I spent a lot of times visiting my mom, showing her how to watch Netflix and YouTube on her TV, teasing her about her clumsiness with the remote.
When it was time for me to go home, she would pack up chunks of roast pork or sea bass in a Tupperware container for me to take home, despite my protest they were more than enough to feed me for weeks.
During our regular Skype calls, she would tell me about the Taiwanese or Korean series she had started watching. She was terrible at recounting their intricate plots, often leaving me wondering if she was describing a romantic comedy or a tragedy.
These, I now realize, were her parting gifts to me, bestowed in the looming shadow of her unforeseen end.
Tonight, I cry, not just for my mom but for all those who won’t be coming home; for all the warm chairs and beds suddenly left empty; for the Skype profiles that have gone quiet; for the candle flames that have gone out.
Promise me that, when we emerge from the tunnel, you will remember my mom and all the rest this darkness swallowed.
Without their light and love, we could have never made it through.
ထိရောက်သောကာကွယ်ဆေးများပေါ်လာပြီဖြစ်၍ ရောင်နီကတော့သန်းနေပါပြီ။ သို့သော် ကျွန်တော့်အမေ အရုဏ်တက်ကို မြင်ရတော့မည်မဟုတ်ပါ။
သူသည် အမေရိကန်နိုင်ငံမှာ ကိုဗစ်ရောဂါကြောင့်သေဆုံးခဲ့ကြသူ ၄၀၂၀၀၀ကျော်ထဲမှတစ်ဦးအဖြစ် ယနေ့ ဘဝကူးပြောင်းသွားရှာပါသည်။
သူရောဂါလက္ခဏာစပြလာသောအခါ ကွာရန်တင်း (quarantine) ဝင်ရသောကြောင့် ကျွန်တော်သူ့ကို မုန့်နဲ့စားသောက်စရာများသွားပို့ပေးခဲ့သည်။ ကျန်းမာရေးဌာန၏ စည်းကမ်းအရ အိမ်ထဲဝင်လို့မရသောကြောင့် ကျွန်တော်အပြင်မှာပဲရပ်ပြီး ဖုန်းဖြင့် အားပေးစကားပြောခဲ့ရသည်။
ပြတင်းပေါက်လိုက်ကာနောက်ကွယ်က အမေ့အရိပ်ကလေးသည် ကျွန်တော်အိမ်ပြန်ချိန်တွင် အငှားကားထဲဝင်သွားသည့်အထိ စောင့်ကြည့်နေပေးခဲ့သည်။ ဒါ အမေနဲ့ နောက်ဆုံးအကြိမ်တွေ့ခဲ့ခြင်းဖြစ်သည်ကို ထိုအချိန်က မသိခဲ့။ ရောဂါမကူးအောင် ခြောက်ပေခွာနေခဲ့ရသော်လည်း အမေနှင့် တစ်သွေးတည်း၊ တစ်သားတည်း ခံစားခဲ့ရသည်။
နောက်ဆယ်ရက်အတွင်းမှာ မျှော်လင့်ချက်များတဖြည်းဖြည်းမှေးမှိန်လာပါသည်။ ဆေးရုံ၊ အရေးပေါ်ဌာန၊ အထူးကုဌာန၊ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ နောက်ဆုံး သမားတော်ကြီးဆီမှ “မကယ်နိုင်တော့ပါ” ဆိုသောဖုန်းလာပါသည်။
မနှစ်က ကျွန်တော် အလုပ်အတွက် ခရီးမထွက်ရသောကြောင့် အမေ့ဆီ မကြာခဏသွားလည်ခွင့်ရခဲ့သည်။ ထိုစဉ်က ကျွန်တော် အမေ့ကို တီဗွီမှာ Netflix နှင့် YouTube ကြည့်ပုံကြည့်နည်းသင်ပေးခဲ့သည်။ တီဗီ remote ကောင်းကောင်းမသုံးတတ်သောသူ့ကို စရင် သူက ရယ်သည်။
ကျွန်တော်ပြန်တော့မည်ဆို အမေက ချက်ပြီးသား ဝက်သားပေါင်း၊ ငါးပေါင်းများကို အိမ်ပြန်ယူသွားဖို့ ဘူးကလေးနဲ့ ထည့်ပေးစမြဲ။ “အမေ၊ ဒါဆို ကျွန်တော် သုံး၊ လေးပတ်တောင် စားလို့ မကုန်ဘူး” ဆိုလည်းနားမထောင်ပါ။
ပုံမှန် Skype နှင့် စကားပြောချိန်တိုင်း အမေက သူကြည့်နေဆဲ တရုတ်၊ ကိုရီးယားဇာတ်လမ်းတွဲများအကြောင်း ကျွန်တော့်ကို ပြောပြပါသည်။ အင်မတန်ရှုပ်ထွေးသောဇာတ်ကွက်များကို သူကောင်းကောင်းပြန်ရှင်းမပြတတ်သောကြောင့် သူကြည့်နေတာ ဟာသကားလား၊ အချစ်ကားလား၊ လွမ်းစရာကားလား ဝေခွဲမရပါ။
အခုတော့ ကျွန်တော်သိပါပြီ။ ထို ကြည်နူးစရာအချိန်တိုလေးများသည် အမေ့၏ နောက်ဆုံးမေတ္တာလက်ဆောင်လေးများဖြစ်ကြောင်း။ ထိုစဉ်က မရဏ၏အရိပ်ဖားဖားကြီးကို ကျွန်တော်တို့ မမြင်ခဲ့ကြပါ။
ယနေ့ည ကျွန်တော်ငိုပါသည်။ ကျွန်တော့်အမေတစ်ဦးတည်းအတွက်မဟုတ်ပါ။ အိမ်ပြန်မလာနိုင်တော့သည့်အမေအဖေများအားလုံးအတွက်၊ ရုတ်တရက်ပိုင်ရှင်မဲ့သွားကြသည့် ထိုင်ခုံလေးများ၊ ခုတင်လေးများအတွက်၊ တိတ်ဆိတ်သွားကြရှာပြီဖြစ်သော Skype account များအတွက်၊ ငြိမ်းသွားသော ဖယောင်တိုင်လေးများအတွက် ကျွန်တော် သိမ်းကျုံးငိုနေပါသည်။
ကျွန်တော့်ကို ကတိပေးကြပါ။ ဒီအမှောင်ထုကြီးကို ဖြတ်သန်းကျော်လွှားနိုင်ခဲ့ကြရင် ကျွန်တော့်အမေလို လမ်းတစ်ဝက်မှာ ကျန်ရစ်ခဲ့ကြသူများကို မမေ့ကြပါနဲ့။
သူတို့ချစ်ခြင်းမေတ္တာရဲ့ အလင်းရောင်ကြောင့် ကျွန်တော်တို့ ခရီးဖြောင့်ခဲ့ကြခြင်းဖြစ်ပါသည်။
ကွယ်လွန်သူ Eva Wong ၏ ချစ်သား Kenneth Wong (ခ) အောင်နိုင်ဦး
No comments:
Post a Comment